ရန်ကုန်တိုင်း မြို့နယ်သုံးခုတွင် ကာလ၀မ်းရောဂါပိုးတစ်မျိုး ပျံ့နှံ့

ရန်ကုန်တိုင်း ဒေါပုံ၊သာကေတနှင့် ပုဇွန်တောင်မြို့နယ်များတွင် ကာလ ၀မ်းရောဂါပိုးတစ်မျိုး ပျံ့ပွားနေပြီး ကူးစက်ခံရသူအချို့ ဆေးရုံတင်ထားရသည်။

၎င်းမြို့နယ်များတွင် ကာလ၀မ်းရောဂါဖြစ်ပွားစေသည့် ဘက်တီးရီးယားတစ်မျိုး ပျံ့နှံ့နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ အစားသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာနမှ ဓါတ်ခွဲမှူးများက စစ်ဆေးတွေ့ရှိထားကြောင်း အမည်မဖော်လိုသူ ဓါတ်ခွဲမှူး တစ်ဦးကပြောပါသည်။

“ဗီဘရီယို ကော်လိုရာ(Vibrio Cholerae)လို့ ခေါ်တဲ့ ကာလ၀မ်းရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတစ်မျိုးကို ကြံရည်နဲ့ အသုတ်မှာသုံးတဲ့ အချည်ရည်တွေမှာ စစ်ဆေးတွေ့ရှိ ထားတယ်။ သူက ရိုးရိုး ၀မ်းကိုက်ရောဂါပိုးမဟုတ်ဘူး။ ကာလ၀မ်းရောဂါဖြစ်စေတဲ့ ပိုး” ဟု အဆိုပါ ဓါတ်ခွဲမှူးကပြောပါသည်။

အဆိုပါ ဘက်တီးရီးယားများသယ်ဆောင်လာသည့် ယင်ကောင်များ ကြံရည်ကျိတ်စက်၊ အရည်ကျိတ်မည့် ကြံများတွင် နားခိုရာမှ ကြံရည်ထဲတွင် ၄င်းပိုး တွေ့ရှိရခြင်းဖြစ်နိုင်ကြောင်း အဆိုပါဓါတ်ခွဲမှူးက သုံးသပ်သည်။

ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ရပ်ကွက်ထဲက အသုတ်ရောင်းတဲ့အဒေါ်ကြီး အသုတ်ရောင်းနေရင်း ကနေ ၀မ်းတွေတအားသွားတာနဲ့ ဆေးရုံကို ပို့လိုက်ရတယ်” ဟု ပြောပါသည်။

ကာလ၀မ်းရောဂါပိုးများတွေ့ရှိရာမြို့နယ်များနှင့်နီးသည့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး( ဂန္ဒီဆေးရုံ) သို့ တင်ပို့ကြကြောင်းသိရသည်။

လက်ရှိအခြေအနေတွင် ၀မ်းလျှောရောဂါပိုးကို ထိန်းချုပ်နိုင်သည့် အဆင့်တွင်ရောက်နေပြီဟု ကျန်းမာရေးဦးစီးဌာနက ပြောကြောင်း ဓါတ်ခွဲမှူးက ပြောသည်။

၎င်းအခြေအနေများကိုမူ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုသို့ တရားဝင် အသိပေးကြေငြာခြင်း မရှိသေးပေ။

Source

Australian Immunization Handbook 9th Edition

Click here to download Australian Immunization Handbook 9th Edition

Hack Windows XP Genuine Validation

1) start > run > “regedit” (without the quotes of course)

2) go to the key:

HKEY_LOCAL_MACHINE\SOFTWARE\MICROSOFT\Windows NT\CurrentVersion\WPAEvents\OOBETimer

…and doubleclick on it. Then change some of the value data to ANYTHING ELSE…delete some, add some letters, I don’t care…just change it!

now close out regedit.

3) go to start > run > “%systemroot%\system32\oobe\msoobe.exe /a” (again, dont type the quotes)

4) the activation screen will come up, click on register over telephone, then click on CHANGE PRODUCT KEY, enter in this key: JG28K-H9Q7X-BH6W4-3PDCQ-6XBFJ.

Source

မြင်းခြံမြို့ ကလေးငယ်အချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်

ချင်းမိုင် (မဇ္ဈိမ)။     ။ မန္တလေးတိုင်း မြင်းခြံမြို့ တိုးချဲ့ရပ်ကွက်တခုမှ ကလေးငယ် ၈ ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်သဖြင့် ဆေးရုံတက်နေရသည်။

ပြီးခဲ့သည့်အပတ် နှောင်းပိုင်းမှ စတင်ကာ တိုးချဲ့ကွက်သစ် ခေါ် အမှတ် ၁၈ ရပ်ကွက်မှ ကလေး ၁၅ ဦးခန့် ဝမ်းလျှောရာ ဆေးရုံတင်ခဲ့ရပြီး၊ ယခုအခါ ၈ ဦးခန့် ဆက်ရှိကြောင်း ဒေသခံများနှင့် ဆေးရုံဝန်ထမ်းက ပြောသည်။

“ကျနော်တို့ ၁၈ ရပ်ကွက်ထဲမှာ ဝမ်းလျှောရောဂါ ဖြစ်နေတယ်။ ဆေးရုံမှာ ၁၅ ယောက်လောက် တက်တယ်။ အရေးပေါ် ဆေးရုံတင်ရတယ်။ အထက်လန် အောက်လျှောပုံစံ” ဟု အမှတ် ၁၈ ရပ်ကွက်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

မြင်းခြံပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတဦးကလည်း “ကလေးတွေ ရိုးရိုး ဝမ်းလျှောဝမ်းပျက်လေးတွေ ဖြစ်တာ။ ဘယ်နှနှစ်လဲဆိုတော့ ၅ နှစ်ကနေ ၇ နှစ် အရွယ်တွေပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကြီးပြောတာက အစားမှားတယ်လို့ ပြောတာပဲ။ ကျနော်တို့ဆီမှာ ၈ ယောက်လောက် ရှိတယ်” ဟု ပြောသည်။

ယခုလို ဖြစ်ရခြင်းသည် အိမ်ခြေ ၁၅ဝ-၂ဝဝ ခန့်မှ အရပ်သားများ သောက်သုံးနေသည့် ရေကန်အတွင်း ဝင်းသန့် ငပိစက်မှ မသန့်စင်သည့် ရေများ စီးဝင်နေရာမှ စတင်ခဲ့သည်ဟု ဒေသခံနှစ်ဦးက ဆိုသည်။

ငပိစက်မှ စွန့်ပစ်သည့် အညစ်အကြေးများမှာ စက်ရုံတောင်ဘက် ဗလပိုင် ဘုန်းကြီးကျောင်းရှိ ရေကန်တွင်းသို့ စီးဝင်နေသည်ဟု သူတို့က ပြောသည်။

တဦးက “မိုးတွင်းရောက်ရင်လည်း အရပ်အခေါ် ဗလပိုင်ထဲ ဝင်သွားတယ်။ ငပိစက်က ရေကန်အထက်မှာ ရှိတယ်။ ပေအားဖြင့် ၁၅ဝ လောက် အကွာမှာ ရှိတယ်ဗျာ။ ရေကန်က အောက်ပေါ့နော်။ ရေကန်ရဲ့ အလယ်မှာ ရေတွင်း နှစ်တွင်းရှိတယ်။ အဲဒါကို မှီခိုသောက်သုံးနေရတာ” ဟု ပြောသည်။

သို့သော်လည်း ငပိစက်ရုံ တာဝန်ရှိသူ အမျိုးသမီးတဦးကမူ မဟုတ်မှန်ကြောင်း ယခုလို ငြင်းဆိုသည်။

သူက “ မဆိုင်ပါဘူးကွာ။ အဲဒီလို ဖြစ်တာ။ ကိုယ့်တွင်း ကိုယ့်ခြံမှာပဲ တွင်းတူပြီးလုပ်တာ။ အပြင်ထွက်တာ မရှိဘူး။ အုတ်တံတိုင်းကြီး ကာထားတာ။ ဘာအရည်မှလည်း မစွန့်ဘူး။ အန်တီတို့နဲ့ မဆိုင်ဘူး။ အညစ်အကြေးရေက အဲဒီဘက်ကို မဖောက်ဘူး။ ကိုယ့်ကျင်းလေးနဲ့ ကိုယ်ပဲ ရေးချိုးတာပဲ။ ကြီးကြီးကျယ်ကျယ် ဆေးကြတာတွေလည်း မလုပ်ဘူး။ ဘာမှလည်း မလုပ်ပါဘူး။ ရေလွှတ်ခြင်း မလုပ်ဘူး” ဟု ပြောသည်။

ရပ်ကွက်အတွင်း၌ လူအများအပြားမှာ မရှိဆင်းရဲသား လက်လုပ်လက်စားများ ဖြစ်သည်။

၁၈ ရပ်ကွက် ရယက ရုံးမှ တာဝန်ရှိသူတဦးကမူ “လူနေမှု အနေအထားက ညစ်ပတ်တဲ့ အနေအထားပေါ့နော်။ အိမ်သာမရှိတာတို့၊ သူက အပြင်ထိုင် (အလေးသွား) တာ များတယ်။ စားတာသောက်တာ သပ်ရပ်မှု မရှိဘူး။ ဝင်းသန့် ငပိစက်ကနေ ဝင်တဲ့ ရေက မသုံးတော့ဘူးလေ။ အဲဒီနောက်ပိုင်း တောက်လျှောက် ကူးလာတာ။ အဓိက ဖြစ်နေတဲ့အပိုင်းရဲ့ အရှေ့ဘက်မှာ တောကိုး။ ယာခင်းတွေ ရှိတယ်။ အဲဒီ ယာခင်းတွေမှာ အပြင်သွားကြတာ။ အဲဒီဘက်ကနေ ကူးစက်တာ။ သောက်နေသုံးနေတာက ရေကန်အလယ်မှာ ရေတွင်းမှာ စိမ့်ပြီးတော့ လက်ယက်ရေတွင်း ဖြစ်တယ်” ဟု ဆိုသည်။

ဆေးရုံတက် ကုသရာ ကိုယ့်စရိတ်နှင့်ကိုယ် ဖြစ်ပြီး ကျပ် ၂ သောင်းမှ ၃ သောင်းအထိ ကုန်ကျသည်။

ကလေးငယ်များ ဆေးရုံတက်ရပြီးနောက် မြို့နယ် ကျန်းမာရေးဌာနက ရေတွင်းများ၌ ပိုသတ်ဆေးများ ဖြန်းပေးခဲ့ရာ အနံ့ဆိုးသဖြင့် သောက်သုံးရန် ခက်ခဲနေသည်ဟု ဒေသခံများက ဆိုသည်။

Source

Trachoma

Trachoma

Trachoma

Trachoma

Trachoma

Trachoma

Trachoma

Internet ပေါ်ကတွေ့တဲ့ ပုံလေးတွေ ပြန်တင်ပေးထားတာပါ။ Trachoma ပုံလေးတွေပါ။

လက်ဖက်ထဲမှာ ဆိုးဆေးပါလို့တဲ့

IRC Chat ကို ဝင်နည်း (ygnchat ကို ဝင်နည်း)

chan chan: hnin .ygn chat ne chat chin lo par.ba lo download lope ya mal,ba lo sa lope ya ma lal so tar ma thi lo ku nyi pay par naw.

အထက်ပါ စာကတော့ ကျွန်တော့ စီဘောက်စ်မှာ လာရေးသွားတာပါ။ ကျွန်တော် ၂၀၀၆ ခုနှစ်တုန်းက ကျွန်တော် တခါရေးခဲ့ဖူးပါတယ်။ ဒီကို နှိပ်ပါ။ ဒါပေမယ့် လင့်ခ်တွေက အလုပ်မလုပ်တော့ဘူး။ ဒီတော့ ထပ်ရေးပါရစေဗျာ။

(၁) Scoop Script 2004 ကို ဒီကိုနှိပ်ပြီး ဒေါင်းလုပ်ပါ။ ပြီးရင် install လုပ်ပါ။

(၂) mirc ကို ဒီကိုနှိပ်ပြီး ဒေါင်းလုတ်လုပ်ပါ။ install လုပ်ပါ။

(၃) mirc.exe ကို Scoop Script ရဲ့ folder (usually C:\scoop2004) ထဲကို copy လုပ်ပါ။ ၄င်းကို run ပါ။

(၄) View menu မှ Options ကို နှိပ်ပါ။

(၅) ဘယ်ဘက်ခြမ်းမှ Connect > Servers ကို ရွေးပါ။ ပြီးလျှင် Add ကို နှိပ်ပါ။
(၆) Description တွင် ကိုယ်နှစ်သက်ရာ အမည် ရိုက်ပါ (ဥပမာ- Myanmar Chat)။ IRC Server တွင် သင်ဝင်မည့် IRC Server အမည်ကို (ဥပမာ- irc.myanmaronline.net.mm) ရိုက်ပါ။

(၇) File menu > Connect ကို နှိပ်ပါ။ မကြာခင် connect ဖြစ်သွားပါမယ်။

(၈) ကိုယ်ကြိုက်တဲ့ nick တခုခုကို ဒီလို ရိုက်ပြီး ပြောင်းပါ။

/nick nickname

မှတ်ချက်… nickname နေရာမှာကိုယ်ကြိုက်တဲ့ nick တခုခု ရိုက်ပါ။ ဥပမာ… /nick bloggerlay

(၉) ၃ မိနစ် (စက္ကန့် ၁၈၀) စောင့်ပါ။ ပြီးရင် ဒီလိုလေးရိုက်ပြီး ကိုယ့် nick ကို register လုပ်ပါ။

/msg nickserv register password email address

မှတ်ချက်… password နေရာမှာ ကိုယ်ကြိုက်ရာ password နဲ့ email address နေရာမှာ ကိုယ်ကြိုက်ရာ email ရိုက်ပါ။ သူတို့ email verify လုပ်တာ မတွေ့ရတဲ့ အတွက် ပေါက်ကရအီးမေးလ် လိပ်စာ တခုခု ဖြည့်လဲ ရပါတယ်။ password ကိုတော့ ကိုယ်သုံးနေကျ password ကို မသုံးစေချင်ဘူး။ နောက်ပိုင်း ဘာလို့လဲ ဆိုတာ ပြောပါ့မယ်။ ဥပမာ ဒီလိုလေးပါ…

/msg nickserv register bloggerlay33 bloggerlay@gmail.com

(၁၀) passcode လေး တခု ပြန်ရလာလိမ့်မယ်။ အဲ့ဒီ့ passcode လေးကို သုံးပြီး ဒီလိုပြန်ရိုက်ပါဦး။

/msg NickServ PROCEED passcode

မှတ်ချက်… passcode နေရာမှာ သူတို့ ပြန်ပေးတဲ့ passcode ကို ထဲ့ပေးပါ။ ဥပမာ ဒီလိုလေးပါ…

/msg NickServ PROCEED gSDFAsIKq

(၁၁) နောက်ရက်တွေမှာ ပြန်ဝင်တဲ့အခုမှာ ခုဏက သုံးခဲ့တဲ့ password နဲ့ ဒီလို login ပြန်ဝင်ရပါတယ်။

/msg nickserv identify password

ဥပမာ ဒီလိုလေးပါ… /msg nickserv identify bloggerlay33

(၁၂) ကိုယ် join ချင်တဲ့ channel ကို ဒီလိုလေး ရိုက်ပြီး join နိုင်ပါတယ်။

/join #channelname

ဥပမာ ဒီလိုလေးပါ… /join #ygnchat

ဒါဆိုရင်တော့ ygnchat ကို အောင်မြင်စွာ ဝင်လို့ရပါပြီ။ IRC chat ကို သုံးတဲ့ အခါ တခြားလိုအပ်တဲ့ command တွေကိုပါ တခါတည်း ပြောလိုက်ပါရစေဗျာ။

မိမိကိုယ်ပိုင် channel တခု ထောင်ခြင်း

(၁) ကိုယ်ထောင်ချင်တဲ့ channel ကို ကိုယ် အရင်ဝင်ပါ။ ဒီလိုလေးပါ။

/join #bloggerlay

(၂) ကိုယ့် channel ကို register လုပ်ပါ။ ဒီလိုလေးပါ။

/msg chanserv register #channelname password description

ဥပမာ… /msg chanserv register #bloggerlay bloggerlay33 visit http://bloggerlay.iblogger.org

(၃) ကိုယ့် channel ပေါ်ကို bot တကောင်လောက် ခေါ်တင်ထားနိုင်ပါတယ်။

/msg botserv assign #bloggerlay BURMESE

(4) Fantasy command ဖွင့်ချင်ရင် ဒီလိုလေးပါ။

/msg botserv set #bloggerlay Fantasy on

(၅) ကိုယ့် ကိုယ်ကို channel ရဲ့ owner အဖြစ် တင်လိုက်ပါဦး။ ဒီလိုလေးပါ။

!owner

(၆) အားလုံး ပြီးရင် ဒီလိုလေး လုပ်ပေးနိုင်ပါတယ်။ ဒါကိုတော့ ပြန်ထွက်ပြီး ပြန်ဝင်တာနဲ့ တူတူပါပဲ။ refresh သဘောပါပဲ။

/cycle #bloggerlay

အမှန်ကတော့ scoopscript မှာ ဒီအထက်မှာ ပြထားတဲ့ command တွေ မရိုက်ပဲ button လေးတွေ form လေးတွေ ဖြည့်ပေးနှိပ်ပေးရုံနဲ့ ရပါတယ်။ ScoopScript ရဲ့ အဓိက function က အဲ့ဒါပါပဲ။ သူက button လေးတွေ ပေးထားပြီး command ကို ပရိုဂရမ်လေးက ရိုက်ပေးသွားတာပါ။ command တွေ အများကြီးရှိပါတယ်။ စိတ်ဝင်စားရင်တော့ Google မှာ irc command ဆိုပြီး ရှာဖတ်နိုင်ပါတယ်။

အရေးကြီးတာလေး တခုပြောစရာကျန်နေသေးတယ်ဗျာ။ ဟိုတလောက အီးမေးလ်တွေ ဘလော့ဂ်တွေမှာ အခု ဒီ ချက်တင်ကို မသုံးကြဖို့ သတိပေးစာတွေ ပြန့်နေခဲ့သေးတယ်။ တကယ်ဟုတ်မဟုတ်တော့ ကျွန်တော် အတည်ပြုမပေးနိုင်ဘူး။ သတိတော့ ထားကြစေချင်ပါတယ်။

သတင်းကို ဒီအောက်လေးမှာ ကူးတင်လိုက်ပါရစေ…

—————————–

Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် spy module ကို အသုံးပြုပြီး .. Chatter များ၏ Private log များကို ခိုးယူကြည့်ရှု့နေပါသည်။ ထို Chat မှ Admin Oper Op များသည် Chatter များ Private ကိုခိုးကြည့်က မိန်းခလေးများ၏ ဖုန်းနံပါတ်များကို မှတ်သားပြီး ဖုန်းဆက်ခြင်း ၊ Email များကို ခိုးယူ၍ Email များအတင်းပို့ခြင်း ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ကြည့်ရှု့၍ အတင်းပြောရည်မောခြင်းများပြုလုပ်နေပါသည်။ ထို့အပြင် Nick register လုပ်ထားသော Password များကို ကြည့်၍ Chatter များ၏ Email များကိုဝင် ရောက်က ကိုယ်ရေးကိုယ်တာ ကိစ္စများကို ခိုးယူကြည့်ရှု့ကြသဖြင့် Nick register Password နှင့် Email Password များကို အတူတူမဖြစ်စေရန် အထူးသတိထားရန် လိုအပ်ပါသည်။ သူတို့အသုံးပြုထားသော IRC Module မျာကို ကြည့်ချင်တယ်ဆိုရင် ဒီ Command လေးကို #ygnchat server တွင်ရိုက်ကြည့်ပါက မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ /module ဆိုသော Command ကိုရိုက်ကြည့်ပါက အောက်တွင်ပြထားသော စာများပေါ်လာမည်ဖြစ်ပါသည်။

ထိုပေါ်လာသော စာသားများသည် သူတို့အသုံးပြုထားသော module များဖြစ်ပါသည်။ irc.myanmaronline.net.mm *** spy (real-time spying) [3RD] ဆိုသော module ကိုထိပ်ဆုံးတွင်တွေ့ရမည်ဖြစ်ပါသည်။ ထို module သည် Chatter များ၏ Privacy ကိုတန်ဖိုးထားသော မည်သည့် IRC မှအသုံးပြုခြင်းမရှိပါ။ ထို့ကြောင့် မြန်မာလူမျိုးအချင်းချင်း ကွန်ပြူတာတွင် သူတို့တော်သည်တက်သည်ဆိုတိုင်း အခုလို့ အင်တာနက်ကို အသုံးပြုပြီး အလွဲသုံးစားပြုလုပ် နေသော Myanmar Online #ygnchat Server တွင် အတက်နိုင်ဆုံး Chatting မပြုလုပ်ပဲနေကြပါရန် အထူးသတိပေးအပ်ပါသည်။

ဤသတင်းအား သင်၏သူငယ်ချင်းများကို Forward လုပ်ပေးခြင်းဖြင့် ထိုသူတို့၏ မတရားပြုလုပ်မှု့များကို တားဆီးကြပါရန် …..။

-irc.myanmaronline.net.mm- *** spy (real-time spying) [3RD]

-

-irc.myanmaronline.net.mm- *** operjoin (Join & sajoin override) [3RD]

-

-irc.myanmaronline.net.mm- *** staff (command /staff) [3RD]

-

-irc.myanmaronline.net.mm- *** ircops (command /ircops) [3RD]

-

-irc.myanmaronline.net.mm- *** m_antidccbug (Anti mIRC dcc exploit) [3RD]

-

-irc.myanmaronline.net.mm- *** getinfo (command /getinfo) [3RD]

-

-irc.myanmaronline.net.mm- *** clones (command /clones) [3RD]

-

-irc.myanmaronline.net.mm- *** m_chgswhois (commands /chgswhois & /setswhois) [3RD]

-

-irc.myanmaronline.net.mm- *** cloak (Official cloaking module (md5))

-

-irc.myanmaronline.net.mm- *** commands (Wrapper library for m_ commands)

-

-irc.myanmaronline.net.mm- *** operpasswd (Failed OPER attempts notifier) [3RD]

-

-irc.myanmaronline.net.mm- *** textban (ExtBan ~T (textban) by Syzop) [3RD]

ကျေးဇူးတင်ပါသည်

မြန်မာလူမျိုးကိုချစ်သော မြန်မာလူမျိုးတစ်ယောက်

http://iteainmackchitthu.wordpress.com/new/

http://groups.google.com.my/group/mmfunclub/msg/578b69c94bcb23dd

—————————–

ရေးစရာရှိတာလည်း ရေးပြီးပြီ။ သုံးသင့်မသုံးသင့်ကတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ပါ။ ဘာပဲပြောပြော မြန်မာအများအပြားရှိတဲ့ ဒီ ချက်ရွန်းလေးဟာ ချက်ရွန်းပိုင်ရှင်တွေကို မယုံကြည်ရင်တောင်မှ စမ်းသုံးကြည့်သင့်ကြောင်းပါခင်ဗျား။

ပခုက္ကူမြို့တွင် ဦးနှောက်အမြှေးရောင်ရောဂါပိုးကြောင့် အထိတ်တလန့်ဖြစ် (Moemakha)

ပခုက္ကူမြို့တွင် ဦးနှောက်အမြှေးရောင်ရောဂါဖြင့်သေဆုံးသွားသော ကိုရင်လေးတစ်ပါးကို အကြောင်းပြုပြီး မြို့ခံများအထိတ်တလန့်ဖြစ်ကာ ကာကွယ်ဆေးများသောက်သုံးခြင်း မျက်နှာဖုံးစည်းများ ၀တ်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

လွန်ခဲ့သော တပတ်ခန့်က ၁၄ နှစ် အရွယ် ကိုရင်လေးတပါး အပြင်းဖျားပြီး ဆေးရုံတင်ပို့ရာ ဆေးရုံရောက်ပြီး နာရီပိုင်းအတွင်း သေဆုံးသွားခဲ့သည်။ ဆရာဝန်များက ဦးနှောက်အမြှေးရောင် ဗိုင်းရပ်စ်ပိုးကြောင့် ယူဆကြောင်း မှတ်ချက်ပြုခဲ့သောကြောင့် တယောက်စကား တယောက်နားဖြင့် ကြောက်လန့်ကာ ကာကွယ်ဆေးများသောက်သုံးခဲ့ကြသည်ဟု ပခုက္ကူမြို့ခံများကပြောသည်။

ပခုက္ကူမြို့မှ ပဲကုန်သည်တစ်ဦးက“ ကျနော်တို့မိသားစုဆရာဝန်က ဦးနှောက်အမြှေးရောင် ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးတွေ သောက်ခိုင်းလို့ သောက်ခဲ့ရသေးတယ်။ ကျွန်တော်တို့ဆီမှာတောင် ဆေးတွေဝယ်မရလို့ ရန်ကုန်ကညီမလေးဆီကို လှမ်းမှာရတယ်။ တချို့လူတွေဆိုရင် မျက်နှာဖုံးစည်းတွေတပ်ပြီးမှ အပြင်ထွက်ကြတယ်” ဟုပြောသည်။

အရပ်သတင်းစကားများကြောင့် ယခုကဲ့သို့ တမြို့လုံး အထိတ်တလန့်ဖြစ်ခဲ့သည်ဟု မြို့ခံဆီစက်ပိုင်ရှင်တဦးက ပြောသည်။

“တကယ်က ကိုရင်လေးတပါးပဲ ဆုံးသွားတာပါ။ ဆရာဝန်တွေက ဦးနှောက်အမြှေးရောင်လို့ ယူဆရတယ်လို့ ပြောတာကနေ တမြို့လုံး ဆေးတွေဘာတွေ သောက်ဖြစ်ကုန်ကြတာ။ ကျွန်တော်တို့လည်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ သောက်လိုက်ကြတာပါပဲ” ဟု အဆိုပါ ဆီစက်ပိုင်ရှင်က ပြောသည်။

ကာကွယ်ဆေးအဖြစ် စီဖရွန် ၅၀၀ မီလီဂရမ် ဆေးပြားများသောက်သုံးခဲ့ကြသည်ဟု ပြောသည်။


Source

———————————————————-

ဒီသတင်းအရ ဦးနှောက်အမြှေးရောင်ရောဂါဆိုတာ Meningitis ကို ပြောတာလို့ ထင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis) က မရှားပါဘူး။ ဒီလိုမျိုး Case တခု တွေ့ရုံနဲ့ လူတိုင်း စီဖရွန် (Cifran) သောက်တာက ပိုပြီးတော့ အဓိပ္ပာယ်မရှိပါဘူး။ Cifran ဟာ Ciprofloxacin ပါတဲ့ Antibiotics ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါကို မကာကွယ်နိုင်တဲ့ အပြင် ကုလဲ မကုသနိုင်ပါဘူး။ ဆရာဝန်များက ဦးနှောက်အမြှေးရောင် ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ကြတယ်လို့ ဆိုတဲ့ အတွက် ကိုရင်လေးရဲ့ Cerebrospinal Fluid (CSF) ကို စစ်ဆေးခဲ့ကြတယ်လို့ ယူဆပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတာ မှန်ရင် စီဖရွန်နဲ့ ဘာမှ မဆိုင်ပါဘူး။

ကျွန်တော် အရင်နှစ်တွေတုန်းက ကျွန်တော့ရဲ့ ဆရာကြီးရဲ့ ဝက်ဒ်မှာ ဟောက်စ်ဆင်းတုန်းက Meningitis တွေ အတော်အတန် တွေ့ဖူးပါတယ်။ ဒါတောင် အဲ့ဒီ့ဝက်ဒ်မှာ သုံးလပဲ လုပ်ခဲ့တာပါ။ ဒီလိုတာ case တစ်ခု တွေ့တိုင်း လူတိုင်းဆေးသောက်ရရင်တော့ သေရချည်ရဲ့ဗျာ။

ဘာပဲ ပြောပြော သာမာန်လူတစ်ယောက်အနေနဲ့ Cifran ဆိုတာကို Meningitis မှာ ပေးလို့ရတယ်ဆိုတဲ့ ဗဟုသုတရှိလေ့မရှိပါဘူး။ ဆေးပညာဗဟုသုတ အနည်အကျဉ်းရှိတဲ့လူတစ်ယောက်က ပြောတာကို တစ်ယောက်စကား တစ်ယောက်နားနဲ့ တမြို့လုံး ပြန့်သွားတာလားလို့ စဉ်းစားနေမိတယ်။

Yangon Bloggers Gathering

February 18, 2008 ဗုဒ္ဓဟူးနေ့ ညနေ ၅နာရီမှာ လှည်းတန်း YKKO မှာ ရန်ကုန်ဘလော့ဂါများ တွေ့ဆုံပွဲ ရှိပါတယ်။ အားလုံး အဆင်ပြေရင် လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

လို့ MBS ဆိုဒ်မှာ ကြေငြာထားတာ တွေ့ရကြောင်းပါဗျား။

Water Reflection

ဒီနေ့ ကိုသံလုံငယ်ဘလော့ဂ်မှာ တင်ထားတဲ့ Water Reflection effect ထဲ့တဲ့ ပရိုဂရမ်ကလေးကို စမ်းကြည့်မိပါတယ်။ ကြိုက်တာနဲ့ ကျွန်တော့ရဲ့ ဘလော့ဂ် banner လေးကို ပြောင်းတင်လိုက်ပါတယ်။ အစမ်းသဘောပါ။

အရင်ကတော့ ကွန်ပျူတာ ပရိုဂရမ်လေးတွေအကြောင်းကို မကြာမကြာ ကိုယ်တိုင်ရေးဖြစ်တယ်။ အခုနောက်ပိုင်းတော့ မရေးဖြစ်တာကြာလှပေါ့။ ဒါကြောင့် သူများရေးတာတွေကိုပဲ လိုက်ညွှန်းနေရတယ်။

သူများရေးတာကို လိုက်ညွှန်းဆိုမှ မြန်မာပြည်မှ ဓာတ်ပုံကောင်းလေးတွေ တင်တတ်တဲ့ ဘလော့ဂ်လေး တစ်ခုကို ညွှန်းလိုက်ပါရစေလားဗျာ။ သူကတော့ အင်္ဂလိပ်လိုပဲ ရေးပါတယ်။ http://yelwinoo.com/ ပါ။